အမြို့မြို့အနယ်နယ်သတင်းများ

Sep 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၈/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။
Sep 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 05,2023
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
Sep 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများ ဒေသခံပြည်သူများ​ နေ့စဥ် ​နေထိုင်စား​သောက်​ရေး အ​ထောက်အကူဖြစ်​စေ​​ရန် အခြေခံစားသောက်ကုန်များအား သက်သာ သော ဈေးနှုန်းဖြင့် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက အမှတ် (၃)ရပ်ကွက်တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Sep 05,2023
စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/သူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biographic) များ ကောက်ယူခြင်းကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
Sep 05,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၉:၃၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။