ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇x၁၀၈ လမ်းကြားရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် ယမန်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းအေးမှ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပထမနှစ် မောင်မယ်သစ်လွင် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျောင်းသား/သူများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြရာ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ထူးချွန်ဆု ရရှိသော ကျောင်းသား/သူများအား တာ၀န်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ သယံဇာတရေးရာ၀န်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ် ဒေါက်တာ ဝင်းအေးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ချမ်းမြေ့