အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2024
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပဲမျိုးစုံစုစုပေါင်း(၁၈၁၂၃၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၉၄၁၁၇၂)တင်းထွက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ​ရွှေနုံ့သာရပ်ကွက်၊ မြို့မ​စျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး နယ်မြေအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 27,2024
အများပြည်သူ စာပေဗဟုသုတ ရရှိစေရန်၊ ဝန်ထမ်းများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားစေရန်၊ မိမိတို့ အားလပ်ချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အသုံးချတတ်စေရန်၊ စာအုပ်၊ စာစောင်များကို လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 27,2024
​မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် မော်လမြိုင်ခရိုင် အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။
Feb 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာအုပ်စု၊ ခင်ရှည်ကျေးရွာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (ဒဿမ)အကြိမ် အသင်းသား (၁၉၂)ဦးအတွက် ချေးငွေသိန်း (၅၄၀)ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက၊ သမဝါယမဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။