ဘီးလင်း ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စစ်တပ်လမ်းဆုံ၊ ကျွန်းတော လမ်းဆုံ၊ သကြားစက်လမ်းဆုံနှင့် ဆရာစံရပ်ကွက် ဗိုလ်ချုပ်လမ်းဆုံတို့တွင် လှုပ်ရှားသွားလာနေကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘီးလင်း(ပြန်/ဆက်)