အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
Sep 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က နောင်လုံးကျေးရွာအုပ်စု၊ အင်လုံကျေးရွာရှိ‌ အောင်သုခဘုန်းကြီးကျောင်းဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်လှုပ်ရှားမှုများကို ယမန်နေ့မှ စတင်ပြီး ကျင်းပပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ​ဝန်း အတွင်းတွင် ဘာသာရပ်အလိုက် လွန်ဆွဲပြိုင်ပွဲများကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး (၄၆၄၄၅) ဧက လျာထားစိုက်ပျိုးလျက်ရှိရာ မိုးစပါးများကို (၄၀၃၇၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၅) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက်ပိုင်းကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Sep 06,2023
ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။