အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်  (၁) နာရီက ကံမမြို့နယ်၊ ကိုင်းခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား ကျောင်းသား/သူလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 28,2024
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာကွင်း၌ လယ်မြေလွတ်များတွင် သီးနှံမျိုးစုံအားတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် အာဟာရပြည့်ပိန်းဥများကို မြေအောက်ရေသွင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။
Feb 28,2024
စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ဖြစ်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 28,2024
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့အတွင်းရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက်ပျိုးတောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ ယာယီနေ့ရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီခန့်က ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကန်ရေကျေးရွာ ဘုန်တော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိ​ပြည်သူများအား မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟော‌ပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်းနှင့် ဦးကြည်နိုင်၊ ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ  တက်ရောက်ခဲ့သည်။