အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များနှင့် ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
Sep 06,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး​ပေးနိုင်​ရေးနှင့် မိသားစုများဝင်​ငွေတိုး​ရေး စီမံကိန်းဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်သည့် သီးနှံအ​ခြေခံတန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၅)ရက်နေ့  နေ့လယ်ပိုင်းက ပဲခူးမြို့နယ်၊ အိုးဘို​ကျေးရွာ၊ ဥတ္တရာရုံဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားများနှင့် ဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက စက်တင်ဘာ (၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဟင်းအဟာရနှင့်မုန့်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 06,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Sep 06,2023
ဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဒေါ်ဇင်ဇာနို (၅) ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ (Database) တွင်သိမ်းဆည်းပြီး
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းပုလုကျေးရွာတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် ရေဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၂၉) လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
Sep 06,2023
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိရှိနှင့် ပူးပေါင်းပါဝင် လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်း ပတ်ဆောင်ရွက်လှုပ်ရှားမှုများအား စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းက လူငယ်သီတင်းပတ် ဒုတိယ‌နေ့တွင် မြန်မာစာဌာနနှင့် လူမှုရေး ဘာသာရပ်များဌာနက ကြီးမှူးပြီး စာရိတ္တနှင့် လူမှုကျင့်ဝတ်ဆိုင်ရာ စာပေစကားဝိုင်း ဟောပြောခြင်း နှင့် သင်္ချာဌာနနှင့် သိပ္ပံဘာသာရပ်များဌာနတို့မှ ကြီးမှူးပြီး ဥာဏ်စမ်းပဟေဠိ အဖြေညှိရ အောင် အစီအစဥ်တို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ကုန်ဈေးနှုန်းကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။