တွန်းဇံ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ် တွန်းဇံမြို့တွင် မီးဘေးလုံခြုံမှုရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် မှုနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံကို ရုံးဌာနများသို့ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့ဆေးရုံ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်တရားရုံးနှင့် မြို့နယ်ပြန်/ဆက်ရုံးတို့၏ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု မီးချိတ်၊ မီးကတ်၊ လှေကား၊ ရေပုံးနှင့် သဲပုံးများစုဆောင်းမှုရှိ/မရှိ စစ်ဆေးကာ မီးသတ်ဆေးဗူး အသုံးပြုပုံကို ဦးစီးအရာရှိ ဦးအောင်ဆောက်က ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)