ရွှေဘို ဖေဖေါ်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်ကိုယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် ရွှေဘိုမြို့နယ်အတွင်း Grade-9 စာစစ်ဌာန(၁၇)ခုရှိပြီး၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စာမေးပွဲဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ ကျောင်းသား/သူ စုစုပေါင်း(၁၁၁၃)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၁၀၂၉)ဦးရှိပြီး ဖြေဆို ၉၂.၄၅% ဖြေဆိုလျက်ရှိကြောင်း ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ် ဆရာ/ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)