Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နေ့သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၆၉၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထ…
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်ခြံတွင် အရိပ်ရပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်
Feb 28,2024
၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာလမ်းသစ် ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာရပ်ကွက်များသို့ လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ဆောင်ရွက်
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ ရွှေတောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ညနေပိုင်းက မီးဘေးလုံခြုံရေးများအတွက် ကြာနီကန်၊ ယွန်းတန်းသရက်တော မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ညောင်ပင်သာကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲကကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေ
Feb 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၇) အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇) ရှိ အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ နွေစပါး(Drum Seeder) တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်းဆောင်ရွက်
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄)စက်မှုလယ်ယာစခန်းတို့ပူးပေါင်း၍ (Drum Seeder)တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းအမှတ်(၉၁၃ က)၊ ဦးပိုင်အမှတ် ၂၇၃၊ တောင်သူဦးတင်ကို၏ လယ်မြေ(၅)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9575
Page
9576
Page
9577
Page
9578
Current page
9579
Page
9580
Page
9581
Page
9582
Page
9583
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department