ခမောက်ကြီး၊ ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5)နှင့် (Grade-9) အစိုးရစစ်စာမေးပွဲကြီးများ ဖြေဆိုလျက်ရှိရာ ယနေ့တွင် (Grade-5) ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးအစိုးရစစ် စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ စတင်၍ ကျင်းပခဲ့ရာ (Grade -5) ကျောင်းသား/သူလေးများက ယနေ့တွင် နောက်ဆုံးဘာသာဖြစ် လူမှုရေးဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ပြီး ခမောက်ကြီး စာဖြေဌာနတွင် စာရင်းရှိ (၉၁) မှ ဖြေဆိုသူ (၈၇) ရှိကြောင်း သိရသည်။ အလားတူပင် (Grade-9) ကျောင်းသား/သူများက ယနေ့တွင် သမိုင်းဘာသာရပ်အား ဖြေဆိုခဲ့ရာ စာရင်းရှိ (၈၉) ဦးတွင် (၈၃) ဦး ဖြေဆိုခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ (၂၈) ရက်နေ့တွင် နောက်ဆုံး ဘာသာရပ်ဖြစ်သော သိပ္ပံဘာသာရပ်ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံးအစိုးရစစ် စာမေးပွဲအား အေးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)