တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေ

တောင်ငူ ဖေဖော်ဝါရီလ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သံတောင်လမ်းနှင့် ညောင်ပင်လေးစျေး၌ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၊ စည်ပင်သာယာစျေးအတွင်းရှိ စျေးသူ /စျေးသားများ၊ စျေးရောင်း/  စျေးဝယ် ပြုလုပ်နေကြသူများအား သိရှိနိုင်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက် ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)