ကန့်ဘလူ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၅၉ ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲသည် တစ်နိုင်လုံးအတိုင်းအတာအနေဖြင့် မတ် ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ကန့်ဘလူမြို့နယ်တွင် စာစစ်ဌာန အ.ထ.က(၁)ကန့်ဘလူနှင့် အ.ထ.က(ထန်းကုန်း)တို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝဘာသာတွဲတွင် ၂၂၆ ဦး၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂဘာသာတွဲတွင် ၂၂၀ ဦး၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဘာသာတွဲတွင် ၁၃ ဦး စုစုပေါင်း ၄၅၉ ဦးဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ခရိုင်/မြိုနယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ ဆရာမများက အနီးကပ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)