ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-5) အတန်း နှစ်ဆုံးခရိုင်စစ်စာမေးပွဲ ဖြေဆိုပြီးစီး

ကရသူရိ ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade -5) အတန်း ကျောင်းသား/သူများ၏ နှစ်ဆုံး ခရိုင်စစ်စာမေးပွဲကြီး ယနေ့တွင် အောင်မြင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

(Grade -5) ကျောင်းသား/သူများ၏ နှစ်ဆုံးခရိုင် စစ်ဆေးခြင်း စာမေးပွဲကို ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ယနေ့နံနက်တွင် လူမှုရေးဘာသာကို နောက်ဆုံးဖြေဆိုပြီးစီးခြင်းဖြစ် ကြောင်း၊ အလားတူ (Grade -9) အတန်းကျောင်းသား/သူများက ယနေ့တွင် သမိုင်းဘာသာရပ်အား ဖြေဆိုလျက်ရှိပြီး ဖေဖော်ဝါရီ (၂၈) ရက်‌နေ့တွင် သိပ္ပံဘာသာရပ်ဖြင့် ဖြေဆိုပြီးစီး မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နှစ်ဆုံး ခရိုင်စစ်/တိုင်းစစ် စာမေးပွဲ‌ အေးချမ်းအောင်မြင်စွာ ပြီးမြောက်ရေး ဆရာ/ဆရာမများနှင့် မြို့အဆင့် ဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)