Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြင်းခြံမြို့နယ် ရွာစည်တောင်ဘုန်းတော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ
Feb 28,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ရွာစည်တောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်ဝင်းစိန်၊ မြိုနယ်ပြန်/ဆက်ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ယင်းနှင့် ပတ်သက်သည့် သတင်းတု၊ သတင်းအမှားများကို မယုံကြည်ကြစေရန်နှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုရှိလမ်းများတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ် မူကြိုကျောင်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်နှင့် မုန့်လုပ်ဆောင်းကုန်(တောင်)ရပ်ကွက်များမှ သုံးပွင့်ဆိုင်မူကြိုကျောင်းနှင့် ကျွန်းတောမူကြိုကျောင်းများတွင် ယမန်နေ့နံနက်(၁၀:၃၀)က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Feb 28,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 28,2024
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ရောက်ရှိပါသောကြောင့် အစိုးရရုံးဌာနအဆောက်အဦများအား မီးဘေးအန္တရာယ်မှကင်းဝေးစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ကပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂)ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 28,2024
ရန်ကုန်တိုက်းဒေသကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရသည် သံဃာတော်များ ဆေးဝါကုသမှုခံယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောက်လုပ်လှူဒါန်းသည့် သံဃာ့ဆေးကုသဆောင် အဆောက်အဦ (၂) ထပ်ဆောင်သစ် ဖွင့်လှစ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ အင်စိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ကျင်းပရာ အင်းစိန်ရွာ မပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတိလောကဘိဝံသဆရာတော်ကြီး၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်းချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးတက်ရောက်
Feb 28,2024
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသအတွင်းစားသုံးဆီဖူလုံရေး ဆီထွက်နေကြာသီးသန့် သီးညှပ်(၅၅၀၀)ဧကတိုးချဲ့စိုက်ပျိုးရန်လျာထား
Feb 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆင်းရွှေကြာ-၂ ဆီထွက်နေကြာသီးညှပ်(၁၂၂၀)ဧက၊ နေကြာသီးသန့် (၂၀)ဧကနှင့် ကိုင်းကျွန်းသီးနှံများဖြင့် ဆင်းရွှေကြာ-၂ နေကြာသီးညှပ်(၄၂၈၀)ဧက၊ ကိုင်းကျွန်းနေကြာသီးသန့်(၃၀)ဧက၊ စုစုပေါင်း(၅၅၀၀)ဧက တိုးချဲ့လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9574
Page
9575
Page
9576
Page
9577
Current page
9578
Page
9579
Page
9580
Page
9581
Page
9582
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department