ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာရပ်ကွက်များသို့ လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ဆောင်ရွက်

ရွှေတောင် ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးဆောင်၍ ရွှေတောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြို့နယ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ယမန်နေ့ညနေပိုင်းက မီးဘေးလုံခြုံရေးများအတွက် ကြာနီကန်၊ ယွန်းတန်းသရက်တော မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပွင့်လင်းရာသီသို့ရောက်ရှိလာ၍ မြို့နယ်အတွင်းမီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် လှည့်လည်ဆော်သြခြင်းများပြုလုပ်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)