အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင် သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခု ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် အသီးများ စတင်ထွက်ရှိပြီး ဒေသခံ ပြည်သူများက လိုက်လံဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
Feb 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ သွားရောက်၍ ‌မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 28,2024
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ဝါသနာတူပိုက်ကျော်ခြင်း ညီအစ်ကိုများ ပူးပေါင်းကျင်းပသော ပွဲစဉ်(၃) ပြင်ဦးလွင်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ခြင်းကွင်း၌ ကျင်းပခဲ့သည်။
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေး၊ အစီအမံများ ချမှတ်ဖို့ရန် ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်များ စုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြသည်။
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးရုံး၏ ငလျင်သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် မီးသတ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2024
ရမည်းသင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ်မှ ကင်းစေရန်အတွက် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များ ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီက စည် ပင်သာယာဈေးအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 28,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆည်မြောင်းကျေးရွာနေ တောင်သူဦးခင်မိုးထွေး၏ ယာခင်းအတွင်း၌ ခရမ်းချဥ်ပင်များ စျေးကောင်းရနေသဖြင့် ယခုလမှစတင်၍ ထပ်မံစိုက်ပျိုးထားကြောင်း သိရသည်။