Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းလှမြို့နယ်တွင် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေါင်းဘုတ်-သရက်-မင်းလှလမ်းမြေနီ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ရန်အတွက် (Subgrade) မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်
Sep 06,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်(အ.ထ.က )ကော့ကရင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရေး ပုဇွန်/ဂဏန်းအအေးခန်းစက်ရုံနှင့် ရေခဲစက်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Sep 06,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ ပုဇွန်/ဂဏန်း အအေးခန်းစက်ရုံနှင့် ရေခဲစက်များသို့သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား လမ်းပြုပြင်ခြင်းများ ဆောင်ရွက်ပေး
Sep 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ၊ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား လမ်းပြုပြင်ခြင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ မြေနိမ့်ပိုင်းကျေးရွာအချို့ ဧရာဝတီမြစ်ရေ ထပ်မံဝင်ရောက်ခဲ့ပြီး စာသင်ကျောင်း (၃) ကျောင်း ယာယီပိတ်ထားရ
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက် လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းကျေးရွာ အချို့တွင် ယမန်နေ့က မြစ်ရေများ ထပ်မံဝင်ရောက်ခဲ့ပြီး စာသင်ကျောင်း (၃) ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 06,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ကျရောက်မည့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင်အတွင်း စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေး ဆီကုန်သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 06,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် စားအုန်းဆီကို ပြည်သူများထံ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည် လုပ်ငန်းရှင်/စားသုံးဆီအရောင်းဆိုင် ပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် (၅) မြို့နယ်မှ ဆီကုန်သည်လုပ်ငန်းရှင်/စားသုံးဆီအရောင်းဆိုင် ပိုင်ရှင်များ တက်ရောက်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများ ကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးငယ်များသိရှိလိုက်နာတတ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က-တောင်ဒဂုံကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9571
Page
9572
Page
9573
Page
9574
Current page
9575
Page
9576
Page
9577
Page
9578
Page
9579
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department