Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွား (၈၉၂)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊အဘွား (၈၉၂)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ ဆင်ဖြူပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ အဆိုပါလုပ်ငန်းများအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း ကရင်ပြည်နယ်အပိုင်းတွင် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်
Feb 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနသည် မိမိတို့ တာဝန်ယူရသော လမ်းပိုင်းများကို အစဉ်ကြံ့ခိုင်မှုရှိနေစေရန်၊ ရေရှည်အသုံးပြုနိုင်ရန်နှင့် သဘာဝဘေးကြောင့် လည်းကောင်း၊ လမ်းခံနိုင်ဝန်ထက် ပိုမိုအသုံးပြုမှုများကြောင့် လည်းကောင်း၊ လမ်းပျက်စီးမှုများ နည်းပါးစေရန် အစဉ်တစိုက် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Feb 28,2024
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဘီလူးမြို့ သရက်ကုန်းကျေးရွာတွင် မီးသင်္ဂြိုလ်စက် တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၊ ပါရမီလူမှုကူညီရေးအသင်း ဟုမ္မလင်းသို့ နိဗ္ဗာန်ယာဥ်(၁)စီး ပေးအပ်လှူဒါန်းခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပ
Feb 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်ဖောင်ကျေးရွာအုပ်စု၊ နောင်ပတ်ကျေးရွာ ဦးဝင်းဗိုလ်+ဒေါ်တင်ကြည် နောင်ရိုးရှမ်းရိုးရာအထည်ဆိုင် အလှူရှင်မိသားစုမှ ပါရမီလူမှုကူညီရေး အသင်း ဟုမ္မလင်းသို့ နိဗ္ဗာန်ယာဥ် (၁)စီး ပေးအပ်လွှဲပြောင်းလှူဒါန်းခြင်းနှင့် ရေစက်ချ အခမ်းအနားပွဲ ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟုမ္မလင်းသီတဂူဆေးရုံတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းရိပ်သာ ဆရာတော် ဦးဒေဝိန္ဒထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားနာယူခဲ့ကာ ဟုမ္မလင်းမြို့၊ သာသနဇောတိက မြို့မကျောင်းဆရာတော် ဦးဣန္ဒဝံသက တရားဟောရေစက်ချတရားနားယူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာ ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Feb 28,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ကာ ကျေးရွာ/ရပ်ကွက်များသို့ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနေမှုတို့အား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Feb 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနများတွင် အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုတို့အား ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9571
Page
9572
Page
9573
Page
9574
Current page
9575
Page
9576
Page
9577
Page
9578
Page
9579
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department