ဒလမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်

ဒလ မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဗိုလ်တေဇအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းနှီးစွာနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ လူငယ်များနွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီးနိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် ဘောလုံး၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ တင်းနစ်၊ Fitness Dance နှင့် ဘောလီဘောစသည့် အခြေခံအားကစားနည်းများကိုသင်တန်းကာလ (၂၉.၂.၂၀၂၄)ရက်နေ့မှ (၂၈.၃.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)