သနပ်ပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း‌ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

သနပ်ပင် မတ် ၁

ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်မှ  ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်   မြို့နယ်စီမံအုပ်ချုပ်‌‌ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ပြည်သူ့စစ်မှု ထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်() ဗိုလ်မှူးခိုင်ထူးလွင်မှ  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ ပြည်သူများ  စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ပြီး၊ မရှင်းလင်းသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)