Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းကျင်းပ
Feb 29,2024
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အရှေ့ပိုင်းခရိုင်အတွင်း အမျိုးသမီးအရေးဆောင်ရွက်ချက်များ "စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်လှစ်
Feb 29,2024
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ULURU MM Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သော ဘားအံမြို့နယ်၊ နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နောင်ယာဖေးကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့တွင် ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Feb 29,2024
သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား လျင်မြန်ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက ပဲခူးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
World Vision Myanmar Einme Area Program မှ အိမ်မဲမြို့နယ် ကျေးရွာအုပ်စုအသစ်များတွင် စီမံချက်နှင့်ဆိုင်သော လုပ်ငန်းစဥ်များ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် World Vision Myanmar Einme Area Program မှ အိမ်မဲမြို့နယ်ကျေးရွာအုပ်စုအသစ်များတွင် စီမံချက်နှင့်ဆိုင်သော လုပ်ငန်းစဥ်များဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာဆွေးနွေးပွဲကျင်းပ
Feb 29,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာချင်းဆက်ကျောက်ချောလမ်း ခင်းကျင်းပြီးစီး
Feb 29,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ ထဟော - ၁ ၊ ထဟော - ၂ ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဖေဖော်ဝါရီလအတွင်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် နွေစပါးနှင့် အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် ယူရီးယား ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေး
Feb 29,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝဓာတ်မြေသြဇာများကို ယနေ့နံနက် (၈) နာရီက စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် မြို့မစျေးတွင် မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်
Feb 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9549
Page
9550
Page
9551
Page
9552
Current page
9553
Page
9554
Page
9555
Page
9556
Page
9557
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department