အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဝက်တဲကျေးရွာရှိ ရွှေကျောင်းဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
May 08,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂) နာရီတွင် အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
May 08,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၄)၊ သူနာပြုနှင့် သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ယနေ့နံနက် (၈)နာရီက တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း၊‌ ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ismart villageနှင့် RBF စီမံကိန်းများ၏ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီက ဦးဆောင်၍ နွေစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်လှကျေးရွာအုပ်စု၊ သုံးသီးစိုက်ဧရိယာအတွင်းရှိ ကွင်းအမှတ် ၆၈၇(ခ)၊ ဦးပိုင် အမှတ်(၃/၆)၊ တောင်သူဦးအားလူး၏ နွေစပါးစိုက်ခင်းတွင် ကျင်းပကြောင်း သိရသည်။
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပတ်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေစာရင်းစိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။