အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနားနှင့် တောင်သူလယ်သမားများ ရိုးရာမိုးခေါ်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က နားခံကျေးရွာအုပ်စု ပန်အူ-ဝမ်ယေးကျေးရွာရှိ စက်တော်ရာကျောင်းတိုက် ဓမ္မာရုံ‌နေရာ၌ကျင်းပပြုလုပ်ရာ မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ်ကျောင်းတိုက်ဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ‌တော်၊ ဝါဆိုကျောင်းတိုက်ဆရာတော်၊ စက်တော်ရာကျောင်းတိုက်ဆရာတော်၊ ကင်တုံကျောင်းတိုက်ဆရာတော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 08,2024
လူငယ်ကဏ္ဍကို မြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နေ့လယ် ၁နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့်ပရဟိတစိတ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး‌ ပြောကြားသည်။
May 08,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။
May 08,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ကုန်စည်ပို့ဆောင်ပေးခဲ့သည့် ကုန်တင်ယာဉ်များ အောင်မြင်စွာ ပြန်လည်ရောက်ရှိ၍ မော်တော်ယာဉ်နှင့် ယာဉ်မောင်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ည ၉ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာ၌ ကျင်းပပြုခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုန်တင်ယာဉ်မောင်းများ တက်ရောက်ခဲ့ကြသည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်(၈၇)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်ပွဲ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် နွေရာသီကာလ၌ အပူချိန်မြင့်မားပြီး ရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီဖြစ်သဖြင့် ရေခက်ခဲသည့် ရပ်ကွက်နေပြည်သူများအား မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေလှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လေညာအနောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။