ခန္တီးမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ခန္တီး မေ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးမည့်စာအုပ်၏ သမိုင်းကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဗန်းမော်တင်အောင်ရေးသားထားသည့် ငဩစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မစောပိုးပိုးချစ်က ဝရမ်းပြေးငဩ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူဆိုးကြီးငဩ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စတီးဗင်က လယ်သမားခေါင်းဆောင်ကြီး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာစံကိုဖမ်းမိပြီ ခေါင်းစဉ်ဖြင့်လည်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဆိုပါ စာဖတ်ဝိုင်းသို့တက်ရောက်ကြသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် သက်ဆိုင်သူများက ဖြေကြားပေးခဲ့ကြပြီး လိုအပ်သည်များကို ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)