Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာမိသားစုများမှ သောက်သုံးရေလှူဒါန်း
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေဖူလုံစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာမိသားစုများ အလှူငွေဖြင့် မမောက်ကျေးရွာနှင့် တံတားဦးကျေးရွာများတွင် သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအသိပေးနှိုးဆော်
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက်အသိပညာပေးနှိုးဆော်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့တွင် မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ နွေရာသီအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအားကြိုဆို
May 08,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်အဖြစ်ရွေးချယ်ခံပြီး၊ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန် မောင်/မယ် (၅) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်း၌ကျင်းပရာ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး မိသားစုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ အိုးစည်ဒိုးပတ်အကများ၊ ပန်းစည်းများ အောင်သပြေပန်းများဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး
May 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနာ…
May 08,2024
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသောငွေကျပ်တစ်သိန်နှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် “ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနား ကျင်းပ
May 08,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် “ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားနှင့် စေတနာလုပ်အားရှင်၊ အလှူရှင်များအားဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မုဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များတက်ရောက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပညာရေးဦးစီးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေး
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ယနေ့နံနက်ပိုင်းမှစ၍ စဉ့်ကူး(အထက)ကျောင်းရှိ ရွှေရတုခန်းမတွင် ထုတ်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် ကျောင်းသားကလေးငယ်များအတွက် နွေရာသီအခြေခံ ကရာတေးသင်တန်း အခမဲ့ဖွင့်လှစ်ပေး
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းဖွင့် ရာသီမတိုင်မီ နွေရာသီအခြေခံအားကစား သင်တန်းအဖြစ် အခြေခံ ကရာတေးသင်တန်း ဖွင့်ပွဲကို မေ(၇)ရက်နေ့ မွန်းလွဲ(၂) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9038
Page
9039
Page
9040
Page
9041
Current page
9042
Page
9043
Page
9044
Page
9045
Page
9046
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department