ဝေါမြို့နယ်၌ နွေစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဝေါ မေ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီက ဦးဆောင်၍ နွေစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်လှကျေးရွာအုပ်စု၊ သုံးသီးစိုက်ဧရိယာအတွင်းရှိ ကွင်းအမှတ် ၆၈၇(ခ)၊ ဦးပိုင် အမှတ်(၃/၆)၊ တောင်သူဦးအားလူး၏ နွေစပါးစိုက်ခင်းတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကိုနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ စပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုပြီး နွေစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခမျိုး တစ်ဧကလျှင် စပါးအစိုတင်း(၁၅၀)ထွက်ရှိသည်။

ထို့နောက် တက်ရောက်လာသည့် စပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မိုးလွင်က နှစ်သီးစိုက်မှ သုံးသီးစိုက်စိုက်ပျိုးနည်းများကို အသိပညာပေးဆွေးနွေးပေးကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)