ဝါးခယ်မမြို့နယ်တွင် ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဝါးခယ်မ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပတ်ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့များက ဝါးခယ်မမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေအားလုံတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံ‌လျှော်)မျိုး ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာရှိ တောင်သူဦးကြီးများအား တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အူကျွန်းကွင်းအမှတ် (၁၀၁၅)၊ ဦးပိုင်အမှတ် (၅၁/၅)နှင့် အူကျွန်းကွင်းအမှတ် (၁၀၁၅)၊ ဦးပိုင်အမှတ် (၅၀/၂) တောင်သူဦးဘမြင့်၏ လယ်မြေ(၆)ဧကတွင် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးများ စုပေါင်းကြဲပက်ခဲ့‌ကြ‌ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)