အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများအရောက်  စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
May 08,2024
ကယားပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
May 08,2024
လူသားချင်းစာနာမှု အစဥ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး (Keeping Humanity Alive) ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ခုနှစ် “ကမ္ဘာ့ကြက်ခြေနီနေ့” အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့သည်။
May 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း၊ ရတနာခန်းမတွင် ယနေ့နံနက်(၈း၀၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီးဦးမျိုးအောင်နှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့သည်။
May 08,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ သက်ကြီးဘိုးဘွာများ အပူဒဏ်အန္တာရာယ်ကာကွယ်ရေးအတွက် အပူရှောင်စခန်းကို ယောဝရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ဖွင်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၄-၂၀၂၅၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီးသံပန်းသံဂဟေဆက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​သည်။