အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းသား၊‌ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အားကစားနှင့်ကာယပညာရေးဦးစီးဌာနမှ ကျင်းပသော အသက်(၂၁)နှစ်အောက် (၉)ဦးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အေးရိပ်ငြိမ်မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့သည်။
May 08,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ကင်းထောက်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
May 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် ချောင်းပိတ်မြောင်းပိတ် ဆည်ရေသောက်စနစ်များဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိသည်။
May 08,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် ကာလလူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက (အ.ထ.က) ကန်သာယာကျောင်း မဟော်သဓာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်၌ မေလ (၂) ရက်နေ့က လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးဘေးသင့်ခဲ့သောအိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယ‌မန်နေ့နံနက် (၁၁:၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။