မြောက်ဥက္ကလာပ မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေစာရင်းစိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မြေမြင် ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက မြေပြင်လူဦးရေးစာရင်း စိစစ်ရေးလုပ်ငန်း အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းများဆောင်ရွက်နေမှုများအား မရမ်းကုန်းခရိုင်ဦးစီးမှူးမှ မှန်ကန်သည့် တတိယ(မူကြမ်း) မြေပြင်စာရင်းကိုက်ညီရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက မြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးကို စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)