ချီဖွေ မေ ၈
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂) နာရီတွင် အခြေခံတရုတ်စကားပြော အခမဲ့သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ ဦးဆိုင်းအောင်က တရုတ်စကားပြော သင်ကြားမည့်အခြေအနေများနှင့် သင်တန်းသူ၊ သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ တရုတ်စကားပြော အခြေခံသင်တန်းတွင် သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး မေလ ၇ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့ အထိ (၁) လကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)