မုဒုံမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ

မုဒုံ မေ ၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဝက်တဲကျေးရွာရှိ ရွှေကျောင်းဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data) အချက်အလက် စာရင်းကောက်ယူခြင်း၊ (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျေးရွာနေ ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ရရှိစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာပြီး ဇီဝဆိုင်ရာ (Biometric) အချက်အလက်များ စာရင်းကောက်ယူ၍ (Database) တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)