မိုင်းခတ် မေ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ismart villageနှင့် RBF စီမံကိန်းများ၏ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီအချိန်က မိုင်းခတ်မြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွေးက စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြသည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းမှ ဆုရရှိသော ကျေးရွာများအား ဆုများပေးအပ်ရာ ပထမဆုရရှိသော မိုင်းဟန်ကျေးရွာ၊ ဒုတိယဆုရရှိသော ယန်းမိုင် (လားဟူ) ကျေးရွာနှင့် တတိယဆုရရှိသော နောင်ဖူကျေးရွာများအား သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)