အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်၊ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူ (၄၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား နယ်လှည့်ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မေလ (၈) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ( ၉ ) နာရီက ပြင်ဦးလွင်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၇၀၀) ရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်သည်။
May 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေး၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးကျော်လှိုင်၊ ပြည်မြို့အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးဦးမင်းဇော်ဦး၊ နတ်တလင်းခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းတို့လိုက်ပါလျက် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောက်လုပ်လျက်ရှိသောစက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း RCC ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 08,2024
ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန် ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အကနည်းပြဆရာမများနှင့် တိုင်းရင်းသား ရိုးရာအက သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
May 08,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။