အမြို့မြို့အနယ်နယ်သတင်းများ

May 08,2024
ရန်ကုန်တိုင်းဒသကြီး၊ မှော်ဘီမြို့နယ်အတွင်း စပါးအထွက်နှုန်းများတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၈) နာရီက ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ စပါးစိုက်ပျိုးနိုင်ရေးတောင်သူအသိပညာပေးဆွေးနွေးခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများအားစံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
May 08,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်၁၀နာရီအချိန်က ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Valing Machine-MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၁၀ နာရီက သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
May 08,2024
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 08,2024
စစ်ကိုင်းတိုင်း​ဒေသကြီး​ ​ရွှေဘိုမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ၊ မော်ဓောမြင်သာမြို့ထောင့်စေတီတော်ဘုရား အရှေ့ဘက်မုဒ်ဦး အာရုံခံဓမ္မာရုံ၌ လုံးတော်ပြည့် ကြေးပြားခံ ရွှေသင်္ဃန်းကပ်လှူ ပူဇော်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရွှေဘိုမြို့နယ်သံဃနာယကဥက္ကဋ္ဌ ပခန်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဝိဿုတနှင့်ပင့်သံဃာတော် ၁၀ ပါး၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ၊စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်အောင်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး အောင်ရာဇာဖြိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ စေတီတော်ဘုရား ဂေါပကအဖွဲ့ဒုဥက္ကဋ္ဌ ဦးအောင်ကြီးနှင့်အဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖအဖွဲ့များ၊ဖိတ်ကြားထားသော အလှူရှင်များ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့သည်။
May 08,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် (၁/၂၀၂၄) အခြေခံအဆင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
May 08,2024
ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အလုပ် အမှုဆောင်အဖွဲ့မှ မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က  အ.ထ.က (၆)၊ ငွေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 08,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုရရှိကြသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပသည်။