ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်း(ဆင့်ပွား) သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

ဘီးလင်း မေ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုံးစာရေးသားနည်း (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ဝန်ထမ်းများအ‌နေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ရှိ‌စေရန်၊ ရုံးစာ‌များရေးသားရာတွင် မှန်ကန်မှုရှိ‌စေရန်ရည်ရွယ်၍ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ရုံးလုပ်ငန်းသဘောတရားများ၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့် အချက်များ၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း စသည့်ဘာသာရပ်များကို  မြို့နယ်ရုံး ဝန်ထမ်း(၄)ဦးအား ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)