အမြို့မြို့အနယ်နယ်သတင်းများ

May 16,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စူဠဘွဲ့နှင်းသဘင်၊ ပထမပြန်စာမေးပွဲနှင့် သံဃာတော်များ အထွေထွေအသုံးပြုရန်အတွက် ရန်ပုံငွေကျပ်သိန်း (၁၄၀) လှူဒါန်းပွဲကို  မေလ၁၄ ရက်၊ ညနေ၄နာရီခွဲအချိန်က စလင်းကျောင်းတိုက်၌ ကျင်းပခဲ့သည်။
May 16,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာ/တဲတိုက်များသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများက သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းထံက သိရသည်။
May 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ ဘဝအသစ်ရဲ့အစများစာအုပ်အား ယနေ့နံနက် ၁၀ နာရီအချိန်က  Community  Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၆)ရပ်ကွက် အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ဈေးရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
May 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲအား အ​ခြေခံပညာကျောင်းများ၌ ကျင်းပခဲ့သည်။
May 16,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 16,2024
ပညာရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနှင့် တိုင်းရင်းသားပြည်သူများ ၂၀၂၄ ခုနှစ်၊ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
May 16,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဖာလန်ကော်ကျေးရွာအုပ်စု၊ နမ့်ဟဲဝမ်မိုင်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း‌ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။