မိုးနဲ မေ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၊ ကျေးရွာများရှိ အိမ်ခြေ ၄၉ အိမ် အမိုးလန်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုများအတွက် လွိုင်လင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး အမိုးလန်ပျက်စီးသွားသော အိမ်ခြေ ၄၉ အိမ်အတွက် စုစုပေါင်းထောက်ပံ့ငွေ ၂၆၇၃၆၀၀ ကျပ်ကို အိမ်ထောင်စုအလိုက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)