ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေလှူဒါန်း

ကျိုက်လတ် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက်ရှိ မကုဋာရုံ ကျောင်းတိုက်သို့ သောက်သုံးရေများ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ကျိုက်လတ်မြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မကုဋာရုံ ကျောင်းတိုက်သို့ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ် မျာဖြင့် ရေဂါလန် ၁၆၀၀ ကို သွားရောက်လှူဒါန်းခဲ့သည်။

ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ အခက်အခဲရှိပါက ဆက်လက်၍ သောက်သုံးရေများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်