ပေါင် မေ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်နှင့်ဝန်ထမ်းများက အသံချဲ့စက်နှင့်မော်တော်ယာဉ်ဖြင့်လှည့်လည်ကာ လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များကို သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)