သာစည် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းကာလအတွင်းထူးချွန်သည့် ပထမ၊ ဒုတိယနှင့်တတိယရရှိခဲ့ သောသင်တန်းသားကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင့်ဘော်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးဇော်ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို သုံးရက်ကြာဖွင့်လှစ်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်းပြများက နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီအထိ သုံးရက်ကြာ စာတွေ့လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)