မြစ်သား မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မိုင်းလမ်းကျေးရွာအုပ်စု မိုင်းလမ်းကျေးရွာ၊ ခန္တောကျေးရွာအုပ်စု ကျောက်အိုးကျေးရွာ၊ ညောင်ဂျစ်ကျေးရွာအုပ်စု ညောင်ဂျစ်ကျေးရွာနှင့် ရစ်ကန်ကျေးရွာအုပ်စု၊ ကျားတွင်းကျေးရွာတို့တွင် ယမန်နေ့ ညနေ(၆)နာရီ(၃၀)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မြစ်သားမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သောကျေးရွာများမှာ မိုင်းလမ်းကျေးရွာအုပ်စု မိုင်းလမ်းကျေးရွာတွင် လူနေအိမ်(၉)လုံးအမိုးလန်ပျက်စီးခဲ့ခြင်း၊ ခန္တောကျေးရွာအုပ်စု ကျောက်အိုးကျေးရွာတွင် လူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခြင်း၊ ညောင်ဂျစ်ကျေးရွာအုပ်စု ညောင်ဂျစ်ကျေးရွာတွင် လူနေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခြင်းနှင့် ရစ်ကန်ကျေးရွာအုပ်စု ကျားတွင်းကျေးရွာတွင် လူနေအိမ်(၁၄)လုံး အမိုးလန်ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် စုစုပေါင်းလူနေအိမ် (၃၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)