လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က လားရှိုးလူထုအခြေပြုဗဟိုဌာနသို့ စာအုပ်စာစောင်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း

လားရှိုး မေ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ စာအုပ်စာစောင်များနှင့်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာနရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

စာအုပ်စာစောင်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လှူဒါန်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)