တောင်တွင်းကြီး မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနာဆိုင်ရာများပူပေါင်း၍ မြို့နယ်အတွင်း ဆန်ဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ကုန်စည်စျေးနှုန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ စျေးတာဝန်ခံတို့က တောင်တွင်းကြီးမြို့နယ် ရပ်ကွက်များအတွင်းနှင့် မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်အမျိုးအစားအလိုက် သတ်မှတ်၍ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချရန်အတွက် စျေးများ သိုလှောင်ထားရှိမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)