ရမည်းသင်း မေ ၁၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ပညာပေးသင်တန်းကို မေ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်က ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရမည်းသင်းခရိုင် ဆီထွက်သီးနှံအထူးဇုန်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ပညာပေးသင်တန်းတွင် အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်လင်းမှ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၄၈)ဦးအား ရမည်းသင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်အေးအေးသော်က မြေအသုံးချရေးဆိုင်ရာနည်းပညာများကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန်းဌေးက မျိုးစေ့ဆိုင်ရာနည်းပညာများကိုလည်းကောင်း၊ ခရိုင်သီးနှံပိုးမွှားကာကွယ်ရေးတာဝန်ခံ ဦးထွန်းဝင်းက သီးနှံပိုးမွှားကာကွယ်ရေးဆိုင်ရာနည်းပညာများကိုလည်းကောင်း အသီးသီး ရှင်းလင်းပို့ချမည်ဖြစ်သည်။
အဆိုပါ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ပညာပေးသင်တန်းသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်၊ ရမည်းသင်း)