မိုင်းရယ် မေ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် စိုက်ပျိုးထားသည့် နွေစပါးများ ယခင်နှစ်ကထက် အထွက်နှုန်းတိုးမည်ဟု မျှော်မှန်းကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမှုဧက ၁၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးမြေအများစုမှာ လိုအပ်သည့် ဓာတ်မြေဩဇာများ အချိန်မှီပက်ဖျန်းနိုင်ခဲ့ခြင်း၊ လုံလောက်သည့် ရေများရရှိခြင်း၊ စပါးပိုးကျမှုနည်းခြင်းတို့ကြောင့် စပါးအထွက်နှုန်းတိုးမည်ဟု မျှော်မှန်းပြီး စားနပ်ရိက္ခာပိုမိုဖူလုံနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးနိုင်က ပြောကြားခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသော ရာသီဉတုအလိုက် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက် အထွက်နှုန်းတိုးစေမည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းများ၊ သီးနှံများ ပိုးမွှားရောဂါကျရောက်ပျက်စီးမှု မရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာများရှိ စိုက်ပျိုးခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)