ရှမ်းရွာသစ်မြို့ အမှတ်(၃) ရပ်ကွက်တွင် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် မေ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၄၅၅၀၀၀၀)ဖြင့် အရှည်(၃၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ပေရှိ တံတားတည်ဆောက်လုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါက ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာ ကောင်းမွန်ခြင်း၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့် အနီးနားရှိ ကျေးရွာများမှ ဒေသနေ ပြည်သူများလည်း အဆင်ပြေလွယ်ကူစွာဖြင့် သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး (ပြန်/ဆက်)