အမ်း မေ ၁၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီပူးပေါင်းအဖွဲ့က အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် မြို့မစျေးနှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ စျေးတို့တွင် အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များအား ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်အခြေခံစားသောက် ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများဖြစ်သည့် မြို့နယ်ထွေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ အခြေခံ စားသောက်ကုန် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်များအား တွေ့ဆုံကာ မိမိတို့မြို့နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ/နီများ၊ ကြက်ဥနှင့် အခြားစားသောက်ကုန်ပစ္စည်းများနှင့် ဆန်တို့အား ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)