ကမာရွတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်များစိုက်ထူ

ရန်ကုန်  မေ ၁၇

၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ​မေလ (၁၀) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၊​ လေ့ကျင့်ရေးအထက်တန်း​ကျောင်း၊ အ-ထ-က(၁)၊ အ-ထ-က(၂)၊ အ-ထ-က(၃)နှင့် အ-လ-က(၂)တို့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ဆရာမများ တာဝန်ရှိသူများက ကျောင်းနေအရွယ်ကလေးများ အခြေခံပညာသင်ယူနိုင်ရေးအတွက် အသိပညာပေးကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြသည်။

ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ကျောင်းသူများအား မေ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)၌လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade -1)သို့လည်း​ကောင်း အပ်နှံလက်ခံသွားမည်ဖြစ်၍ မေ ၂၃ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အညီ ကမာရွတ်မြို့နယ်လုံးကျွတ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်ပြန်ဆက်