ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် (၃/ ၂၀၂၄) ဖွင့်လှစ်

ပန်းတနော် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) လေ့ကျင့်ရေးခန်းမ၌ နွေရာသီအခြေခံကွန်ပျုတာသင်တန်းအမှတ်စဥ် ( ၃ / ၂၀၂၄)ကို မေလ ၁၆ ရက် နံနက် ၁၁ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမဒေါ်ဆုမွန်တျာလှိုင်က Microsoft word ExcelPower Point စသည့်တို့ကို အခြေခံမှစ၍ စာတွေ့ လက်တွေ့ သင်ကြားပို့ချ‌ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ကျောင်းသား/ သူ လူငယ်လူရွယ် (၁၅) ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာ မေလ ၁၆ ရက်မှ ဇွန်လ ၁၆ ရက်နေ့အထိ နံနက် ၁၁ နာရီမှ မွန်းတည့် ၁ နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)